| ALPHA Computer မှ ထုတ်လုပ်သော လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်စေမည့် Program များ |
 |
ပဉ္စမသင်္ဂါယနာတင် ကျောက်စာမူ DVD ROM |
|
|
|
မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော မန္တလေးမြို့ ကုသိုလ်တော်ဘုရား ၀င်းအတွင်းရှိ ပဉ္စမသင်္ဂါယနာတင် ပိဋကတ်သုံးပုံ ကျောက်စာများ ၇၂၉ချပ်ကို DVD ROM ပေါ်သို့ ပြောင်းလဲ သိမ်းယူပြီး မိမိသိရှိလိုသော ပါဠိတော်များကို သက်ဆိုင်ရာ ကျောက်ချပ်အလိုက် အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်သည်။ ၄င်းပါဠိတော်များကို မြန်မာဘာသာ၊ ရိုမန်ဘာသာ၊ ယိုးဒယားဘာသာ၊ နိဿယ စသည်ဖြင့် ဘာသာပြန်ကာ ဖတ်ရှုနိုင်သည်။ ထို့အပြင် ၄င်းကျောက်ချပ်များတည်ရှိရာ ကုသိုလ်တော်ဘုရားကို ကောင်းကင်မြေပုံမှ တဆင့် ကြည့်ရှုနိုင်ပြီး ဂူအမှတ်အလိုက် ရှာဖွေကြည့်ရှုမည် ဖြစ်သည်။ |
|
|
|
မဟာဂန္မာရုံဆရာတော်ဘုရားကြီး၏ ပဌာန်းတရားတော် CD ROM |
|
|
|
အမရပူရမြို့ မဟာဂန္မာရုံဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော ပဌာန်းတရားတော်များကို နေ့ရက်အလိုက် နာယူနိုင်ရန် ပြုလုပ်ထားပြီး ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သံသရာ၊ ရေးသားခဲ့သော ကျမ်းစာအုပ်များနှင့် မဟာဂန္မာရုံကျောင်းတိုက်၏ မြေပုံများကို အလွယ်တကူကြည့်ရှု နိုင်မည် ဖြစ်သည်။ |
| |
|
|
မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ၏ ၀ိပဿနာ တရားတော်များ CD & DVD ROM |
|
|
|
မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သော ခန္မာဥာဏ်ရောက် ၀ိပဿနာ တရားတော်များကို ဟောကြားခဲ့သော နေ့ရက်အလိုက် ရှာဖွေနာယူနိုင်မည့် Program ဖြစ်ပါသည်။ Computer CD အားဖြင့် (၁၇)ချပ်၊ DVD Program အားဖြင့် (၃)ချပ် ထွက်ရှိပါသည်။ ကျန်ရှိနေသော တရားတော်များလည်း ဆက်လက်ထွက်ရှိပါမည်။ |
|
|
|
မြန်မာစာလက်ကွက် အကူအညီ |
|
|
|
မြန်မာစာလက်ကွက်ကို စတင်အသုံးပြုသူများအတွက် မြန်မာစာရိုက်ရာတွင် ပိုမိုလွယ်ကူပြီး မြန်ဆန်အောင် ပြုလုပ်ထားသော မြန်မာစာလက်ကွက်အကူအညီ Myanmar Keyboard Helper Program ဖြစ်ပါသည်။ မြန်မာစာရိုက်နေစဉ်အတွင်း မိမိရိုက်နှိပ်ရန် အခက်အခဲဖြစ်နေသော စာလုံးများအား Myanmar KBD Helper Program အား ဖွင့်ထားပြီး ၄င်းမှတဆင့် စာလုံးများကို အလွယ်တကူ ရိုက်နှိပ်နိုင်သည်။ |
|
|
|
Recovery CD |
|
|
|
Recovery CD ဆိုသည်မှာ မိမိအသုံးပြုသော Software များ၊ Driver များ၊ Fonts များ၊ Setting များ စသည်တို့ကို စက်အဆင်ပြေ ချောမွေ့နေစဉ်တွင် Boot CD သိမ်းဆည်းထားပြီး ပြဿနာ တစ်စုံတရာဖြစ်ပါက Data backup ပြုလုပ်ပြီး Drive ထဲ CD ထည့်၊ စက်ပိတ်ပြီး ပြန်ဖွင့်ရုံဖြင့် ၁၅ မိနစ်ခန့်အတွင်း အားလုံး ပြန်လည် ကောင်းမွန်လာစေမည့် စနစ်ဖြစ်ပါသည်။ |
|
|
|
Phone Exchange System တယ်လီဖုန်းခေါ်ဆိုမှုစနစ် |
|
|
|
Phone အိတ်ချိန်းရှိ လိုင်းခွဲများအားလုံး၏ အ၀င်အထွက် Call များကို နံပါတ်၊ အချိန်၊ နေ့ရက်၊ ကြာချိန်တို့နှင့်တကွ Computer နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ပေးပို့ မှတ်တမ်း တင်နိုင်သည်။ အသုံးပြုထားသော Phone Call များ အားလုံးကို နေ့အလိုက်၊ လအလိုက်၊ လိုင်းခွဲအလိုက် ကျသင့်ငွေများဖြင့် စာရင်းပြုစုကာ Report ထုတ်ယူနိုင်သည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် အသုံးပြုနိုင်သည်။ |
|
|
|
Precious Scaling System ရွှေချိန်ခွင်စနစ် |
|
|
|
ချိန်ထားသော အလေးချိန်ကို Unit အမျိုးမျိုးဖြင့် ပြောင်းပြီး ပြသနိုင်သည်။ (ကျပ်၊ပဲ၊ရွေး)၊ ချိန်ထားသမျှကို သိမ်းဆည်းပြီး လိုအပ်သလို Print ထုတ်ယူနိုင်သည်။ Voucher တိုက်ရိုက်ထုတ်နိုင်သည်။ Digital ချိန်ခွင်ဖြင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်သည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ကြိုက်နှစ်သက်ရာဖြင့် ပြောင်းလဲ အသုံးပြုနိုင်သည်။ WIndow95, Window 98, Window 2000, Window XP အားလုံးတို့တွင် အသုံးပြုနိုင်သည်။ |
|
|
|
Truck Weight Scaling System |
|
|
|
ကုန်တင်ကားများကို တင်သော Digital ချိန်ခွင်ဖြင့် ချိတ်ဆက် အသုံး ပြုနိုင်ရန် ပြုလုပ်ထားသည်။ ချိန်ခွင်မှ အလေးချိန်ကို Unit အမျိုးမျိုးပြောင်းကာ တိုက်ရိုက်ဖမ်းယူ ပြသနိုင်သည်။ Voucher ပုံစံ Print ထုတ်ယူနိုင်သည်။ ကုန်အလေးချိန်၊ ကားအလေးချိန်တို့ကို သီးသန့် ခွဲထုတ်နိုင်သည်။ ချိန်ထားသော စာရင်းများကို ထုတ်ကုန်ပစ္စည်း အလိုက်၊ ရောင်းသူအလိုက်၊ နေ့အလိုက်၊ အချိန် အလိုက် ရှာဖွေနိုင်ပြီး Print ထုတ်ယူနိုင်သည်။ |
|
|
|
Mandalay Palace
Jewellery Program
|
|
| |
|
|
Sound Converter
mp3 sound compressing system
|
|
| |
|
|
NCRC Presentation CD
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန နှင့် ရှေးဟောင်းမြန်မာစာပေရေးရာဌာန တတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့အကြို စာတမ်းဖတ်ပွဲ CD ROM |
|
| |
|
|
Myanmar Typing Tutor
|
|
|
|
|