ဆရာတော်ဘုရားကြီး ပြုစုခဲ့သော ကျမ်းစာအုပ် (၆၀)ကျော်၊ ဟောစဉ်တရားသံများ၊ အခြားပုံနှိပ်ထုတ်ဝေထားသော စာအုပ်များအပါအ၀င်၊ စာအုပ်ပေါင်း (၈၀)ကျော်တို့အား Digital နည်းဖြင့် သိမ်းဆည်းထားပြီး Data များအား CD ဖြင့်သာမက Internet, Intranet ပေါ်တင်ပြီး ကမ္ဘာဖြန့်သာသနာပြုနိုင်ရေးအတွက် မတည်ရန်ပုံငွေရရှိရန်၊ တရားသံများ၊ စာများအား သိမ်းဆည်းထားနိုင်ပုံ နမူနာပြသနိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြန့်ချီနိုင်ပုံ နည်းပညာသစ်များကို သာသနာပြုလိုသူများ သိရှိစဉ်းစား ကုသိုလ်ယူနိုင်ရန်၊ ပဋ္ဌာန်းတရားတော်ကြီးကို သာမန်လူများ သဘောပေါက် နားလည်စေရန်၊ ဆရာတော်ကြီး (၁၇)ရက်တိုင်တိုင် အပင်ပန်းခံ ဟောကြားခဲ့သော အခြေပြုပဋ္ဌာန်းတရားတော်အား နှောင်းခေတ်လူများ နာယူလာကြစေရန်နှင့် ခေတ်မီ ICT နည်းပညာများ၊ ကိရိယာများဖြင့် တရားတော်များအား ထိန်းသိမ်းခြင်းကို သံဃာတော်များ ကိုယ်တိုင် နားလည်ပြုလုပ်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။


ဟောစဉ်တရားတော်
ဆရာတော်ကြီး၏ မူလအသံတော်နှင့် (၁၇)ရက်ကြာ ဟောကြားခဲ့သည့် တရားတော် (၁၉)ခွေစာကို နေ့အလိုက် ပဋ္ဌာန်းပစ္စည်းအလိုက်အပြင် ခေါင်းစဉ်ငယ် (၃၂၄)ခုဖြင့် ခွဲခြားပြီး သရုပ်ဖော်ပန်းချီကားများဖြင့် လိုသလို ရှာဖွေနာယူနိုင်ပါသည်။ MP3 System ပါသည့် VCD စက်ဖြင့်လည်း တရားသံအား နာယူနိုင်ပါသည်။
အခြေခံပဋ္ဌာန်းစာများ
စာမျက်နှာ (၆၀၀)ကျော်ရှိ ထိုတရားတော်များအား လိုသလို ဖတ်ရှုရှာဖွေ လေ့လာနိုင်ပါသည်။ လိုအပ်ပါက Printer ဖြင့် ထုတ်ယူနိုင်ပြီး သေသပ်လှပသော Apple font ဖြင့် ပြုလုပ်ထားပါသည်။ ဖတ်ရှုရာတွင်လည်း မြင်ကွင်းကို လိုသလို ချုံ့နိုင်၊ ချဲ့နိုင်အောင် စီစဉ်ထားပါသည်။
ကျမ်းစာအုပ်များ
ဆရာတော်ဘုရားကြီးပြုစုခဲ့သော စာအုပ်ပေါင်း (၈၀)ကျော်ကို ပြုစုခဲ့သော ခုနှစ်၊ ထုတ်ဝေခဲ့သော ခုနှစ်၊ ပါဝင်သော စာမျက်နှာ စာအုပ်ပုံစံအပြင် တစ်အုပ်ချင်းစီ၏ ပါဝင်မှုအကျဉ်းကို ဖေါ်ပြထားပါသည်။ နောင်တစ်ချိန်တွင် ကျမ်းပေါင်းချုပ် CD ထွက်ပေါ်လာရန် ရည်ရွယ်ပါသည်။
တစ်ဘ၀သံသရာ
ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သံသရာ ဖြစ်စဉ်အကျဉ်းကို (၄)ပိုင်းခွဲ၍ စောင်း မူမူသိန်း၏ အသံဖြင့် သီကျူးပူဇော်ထားပါသည်။ ထို့အပြင် ဓါတ်ပုံများ၊ စာများ၊ အသံများဖြင့် အသက်တော် အပိုင်းအခြားအလိုက် ရွေးချယ် ကြည့်ရှုနိုင်ရန် စီမံထားပါသည်။
အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်
ကျောင်းတိုက် (၁၄၀)ကျော်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ မြေပုံကို GIS စနစ်ဖြင့် လိုသလို ချုံ့ချဲ့ရွှေ့ပြောင်းနိုင်ပြီး အလှူရှင်၊ တည်ဆောက်ခုနှစ်နှင့် ကျောင်းတိုက်ပုံ အားလုံးတို့ကို ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။

Web Search